Who We Are | Our Mission | Burmese Version

ကျွန်ုပ်တို့၏ ဦးတည်ချက် ပန်းတိုင်

ကျွန်ုပ်တို့ အောင်မြင်စွာ ရယူလိုသည့် အရာနှင့် ရယူလိုသည့် အကြောင်းအရင်း

စင်တာ၏ ရည်မှန်းချက်များ

  • ကျောင်းသားများ၊ ပညာပေးသူများ၊ အနုပညာရှင်များ၊ တီထွင်ဖန်တီးနိုင်စွမ်းရှိသည့် အတွေး အခေါ်ပညာရှင်များ၊ လှုပ်ရှားသူများ၊ ဒသနပညာရှင်များ၊ သုတေသီများ၊ ပညာရှင်များ စသည်တို့အပြင် မြန်မာနိုင်ငံလူမျိုးများ နှင့် ၎င်းတို့၏ ရိုးရာထုံးတမ်းအစဉ်အလာ ယဉ်ကျေးမှုများအား စိတ်ပါဝင်စား ကြသူများ အားလုံးတို့အတွက် အထောက်အပံ့ကို တန်းတူညီမျှ ရရှိစေရန်။
  • ပြည်တွင်းပြည်ပ အနုပညာလေ့လာလိုက်စားသူတို့ ရည်ညွှန်း ကိုးကားချက်များ နှင့် သုတေသနများ ပြုလုပ်နိုင်ရန် အတွက် ဘာသာစကားမျိုးစုံဖြင့် စာပေများအား စုဆောင်းပေးခြင်း။
  • သင်တန်းများ၊ နှီးနှောဖလှယ်ပွဲများ၊ သင်ကြားပို့ချခြင်းများ နှင့် ဝေဖန်သုံးသပ်နိုင်သည့် အတွေးအခေါ် အတွက် အလေးထားသင်ကြားပေးသည့် သင်တန်းများအား တည်ခင်းပေးခြင်း။
  • သမိုင်းဝင် နှင့် လက်ရှိ မြန်မာနိုင်ငံ၏ တီထွင်ဖန်တီးမှု အနုပညာ ၏ ဖွံ့ဖြိုးမှု လုပ်ငန်းစဉ်များအား မှတ်တမ်းတင်ခြင်း နှင့် သင်ကြားလမ်းညွှန်ခြင်း။

မြန်မာအနုပညာ စာပေအရင်းအမြစ် နှင့် မော်ကွန်းဝင် စာကြည့်တိုက် (MARCA) သည် သမိုင်းတစ်လျှောက်၌ သာမက မြန်မာနိုင်ငံ လက်ရှိ အနုပညာ လောက အနေအထား၌လည်း အကြီးဆုံးသော အီလက်ထရောနစ် စာပေအရင်းအမြစ်များ စာပေအရင်းအမြစ်များ စုဆောင်းရာနေရာ ဖြစ်စေရန် ရည်မှန်းထားပါသည်။ သို့အားဖြင့် တီထွင်ဖန်တီး နိုင်စွမ်းအတွက် သင်ကြားခြင်းနှင့် သင်ယူလေ့လာခြင်း စသည်တို့ အတွက် လည်ပတ်မှု နှင့် တကွ ကြွယ်ဝမှုပါရှိစေရန်၊ ကျောင်းသားများ၊ ဆရာများ၊ အနုပညာရှင်များ နှင့် ပြည်သူလူထုအတွက်လည်း သုတေသနလုပ်ဆောင်ရန် စာပေများအား ဖြည့်ဆည်းပေးနိုင်ရန် စသည်တို့ အတွက်လည်း ရည်မှန်းထား ပါသည်။ စင်တာနှင့် မော်ကွန်းတိုက်သည် နိုင်ငံ၏ တိုးတက်ပြောင်းလဲမှုများ ဖြစ်ပေါ်နေချိန်၌ ဖန်တီးတီထွင် နိုင်စွမ်းဥာဏ် နှင့် ခွဲခြားစိတ်ဖြာနိုင်စွမ်းတို့ဖြင့် တွေးတောခြင်း ရှိသည့် အသိုင်းအဝိုင်းတစ်ခုကို ဖန်တီးပေးမည် ဖြစ်ပါသည်။ ထိုသို့ နိုင်ငံတိုးတက်ပြောင်းလဲသည်ဟု ဆိုရာတွင် ပညာရေးအတွက် တည်းဖြတ်မှုများ ပျောက်ဆုံးချိန် နှင့် ဈေးကွက်ဖျက်သိမ်းမှုများ သည် စသည်တို့သည် တီထွင်ဖန်တီးနိုင်သော အတွေးအခေါ်၏ ကနဦးအစ ဖြစ်သည့်အပြင်၊ ပြည်နယ်ဒေသများ အပြင် နိုင်ငံတကာ နှင့် ဆက်သွယ်ဖလှယ်ခြင်းလည်း ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံ နှင့် အနုပညာ သမိုင်းကြောင်းတို့သည် ခိုင်မာလှသော မှတ်တမ်းများ၊ ပုံရိပ်များ နှင့် အွန်လိုင်းမှ ရရှိသည့် စာပေများမှ ခွန်အားပြခြင်းအားဖြင့် ဖြစ်တည်ပါသည်။ ယခုစင်တာသည် စုဆောင်းခြင်း အတွက် အလေးထားပြီးလျှင်၊ ထိုစုဆောင်းခြင်းများအား အသုံးပြုနိုင်ခြင်း နှင့် ခွဲခြမ်းစိတ်ဖြာခြင်း စသည်တို့အတွက် ဖြစ်ပါသည်။ အဓိကအားဖြင့် မြန်မာနိုင်ငံ ပြည်သူလူထု တစ်ရပ်လုံး စူးစမ်းလေ့လာခြင်း၊ ပေးဝေခြင်း နှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့အတွက်လည်း ဖြစ်ပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s